ခရစ္စမတ်

သင့်အသင်းတော်အတွက် ရည်ရွယ်ပြီး၊ ကျွန်တော်တို့ပြင်ဆင်ထားတဲ့ ခရစ္စမတ်ဗီဒီယိုတွေကို အခမဲ့လေ့လာရယူနိုင်ပါတယ်။

သင့်အတွက်အကျိုးရှိစေမည့် အခြားသောအထောက်အကူများ

ဆိုရှယ်မီဒီယာ ဧဝံ‌ဂေလိ

ဆိုရှယ်မီဒီယာခေတ်ဟာ ဧဝံဂေလိတရားအတွက် မဟာအခွင့်အရေးနဲ့ အခွင့်တာဝန်လည်း ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့လူများစွာ ဆိုရှယ်မီဒီယာနဲ့ နေ့စဉ်ထိတွေ့နေကြပါတယ်။ သူတို့နေ့စဉ်ထိတွေ့နေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဘုရားသခင်တပါးတည်းပဲပေးစွမ်းနိုင်တဲ့ မျှော်လင့်ခြင်းသတင်းကောင်းကိုဝေမျှဖို့ မိတ်ဆွေဆန္ဒရှိတယ်ဆိုရင် ဒီဗီဒီယိုသင်ခန်းစာက မိတ်ဆွေအတွက် အထောက်အကူဖြစ်စေမှာ သေချာပါတယ်။ ဒီသင်ခန်းစာမှာ ဆိုရှယ်မီဒီယာဧဝံဂေလိကို ဘာကြောင့်လုပ်သင့်သလဲ၊ ဆိုရှယ်မီဒီယာဧဝံဂေလိဆိုတာဘာလဲ၊ ဆိုရှယ်မီဒီယာဧဝံဂေလိကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဓိကအချက်(၃)ခုကို ဝေမျှထားပါတယ်။ အခုပဲ စာရင်းသွင်းပြီး လေ့လာကြည့်ပါ။

Slide1

သင့်အသင်းတော်ရဲ့ ဆိုရှယ်မီဒီယာမှာ အောက်ပါပုံတွေကို အသင့်သုံးနိုင်ပါတယ်။

CV Resources

ကျွန်တော်တို့ရဲ့ ဆန္ဒက အရည်အသွေးမြင့်တဲ့ဗီဒီယိုတွေ၊ ဒစ်ဂျစ်တယ်အထောက်အကူတွေ၊ ကျွန်တော်တို့ ရှာဖွေတွေ့ရှိချက်တွေကို ဘာသာစကားအသီးသီးနဲ့ အသင်းတော်ကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ အသင်းတော်နဲ့ အမှုတော်လုပ်ငန်းတွေဟာ ယေရှုဘုရားရဲ့ ဧဝံဂေလိသတင်းကောင်းကို အားကောင်းစွာလွှမ်းမိုးပြန့်နှံ့နိုင်စေဖို့ ရည်ရွယ်ပါတယ်။.